Document များ Upload တင်ရန် စာမျက်နှာကို Develop လုပ်နေဆဲ ဖြစ်ပါသည်။ ထိုအချိန်အတွင်း Email ဖြင့် ပို့ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
mgmavlca website image

VLCA Documents

After MGMA VLCA Submission, please prepare your relevant documents and send them to [email protected].

Documents list to send:

  1. နောက်ဆုံးအလုပ်ခန့်ခဲ့သော အလုပ်သမား ၃ ဦး၏ CV From များနှင့် ၎င်းတို့အား လက်မှတ်ထိုးခိုင်းခဲ့သော “အလုပ်သမားသစ်များ လိုက်နာရန် စည်းကမ်းများ” သို့မဟုတ် “ဝန်ခံကတိပြုချက်” သို့မဟုတ် ထိုသို့သဘောသက်ရောက်သော စာရွက်။
  2. နောက်ဆုံးချုပ်ဆိုခဲ့သော EC စာချုပ်သုံးခု၏ အလုပ်ရှင်၊ အလုပ်သမားနှင့် သက်သေများ လက်မှတ်ထိုးထားသော စာမျက်နှာနှင့် သက်ဆိုင်ရာအစိုးရအရာရှိ၏ အတည်ပြုလက်မှတ်ပါရှိသော စာမျက်နှာများ။
  3. နောက်ဆုံးရယူခဲ့သော အချိန်ပိုခွင့်ပြုချက်စာနှင့် ပူးတွဲပါ အလုပ်ချိန်ဇယားစာရွက်။ နောက်ဆုံးရယူခဲ့သော ရက်သတ္တပတ်အလုပ်ပိတ်ရက် သို့မဟုတ် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ခွင့်ပြုခြင်းစာ၊ ၎င်းအတွက် လျှောက်လွှာနှင့် ဝန်ခံကတိပြုချက်စာ။ (အလုပ်သမားများ၏ လက်မှတ်များပါ စာရွက်များ မလိုပါ။)
  4. နောက်ဆုံးထုတ်ပေးခဲ့သော လစာစာရင်းမှ စက်ချုပ်လိုင်းအားလုံးနှင့် အခြားဌာနများအားလုံးအတွက် စာမျက်နှာပြည့်ပါဝင်သော လစာစာရင်း (Salary Table) စာမျက်နှာနှစ်မျက်နှာစီ။
  5. သက်ဆိုင်ရာအစိုးရာဌာနသို့ နောက်ဆုံးပို့ခဲ့သော ခွင့်ခံစားမှုမှတ်တမ်း (အားလုံး) နှင့် ယင်းလအတွင်း အလုပ်သမားများ ခွင့်တိုင်ကြားခဲ့သော ခွင့်ပုံစံများ (၃ ရွက်မှ ၅ ရွက်သာ) နှင့် နောက်ဆုံးထုတ်ပေးခဲ့သော လုပ်သက်ခွင့်အတွက် ငွေကြေးခံစားခွင့်မှတ်တမ်း။
  6. အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းမှုမှတ်တမ်းနှင့် သက်ဆိုင်ရာ အစိုးရဌာနသို့ ပေးပို့ခဲ့သော ကော်မတီဝင်အမည်စာရင်း။
  7. မီးသတ်ဆေးဗူး၊ အရေးပေါ်ထွက်ပေါက်၊ Electrical Panel Box ၊ FirstAid Box ၊ ဆေးခန်း၊ ထမင်းစားဆောင် (နေရာ)၊ လုပ်ငန်းခွင်အတွင်း လျှောက်လမ်း၊ အိမ်သာ၊ Suggestion Box ၊ Assembly Point ၊ Evacuation Map ၊ Boiler ၊ Generator စသည်တို့၏ ဓါတ်ပုံများ။
  8. Child Labour ၊ Forced Labour ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အခကြေးငွေပေးချေရေး၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ စသည့်ကိစ္စရပ်များအတွက် Policy ၊ Procedure များနှင့် အခြားဖော်ပြလိုသော စာရွက်စာတမ်းများ။

* ဖိုင်များကို Email ပို့ရာတွင် စာရွက်စာတမ်းများကို Portable Document Format ဖိုင်အနေဖြင့် scan ဖတ်ပါ။ စာမျက်နှာများစွာပါသော ဖိုင်တစ်ခုတည်းဖြစ်အောင်ဖတ်ပါ သို့မဟုတ် ထိုဖိုင်များကို ပေါင်းပါ။ ဓါတ်ပုံဖိုင်များကို ဓါတ်ပုံအတိုင်းထားပါ။ အားလုံးကို Folder တစ်ခုအတွင်းစုထည့်ပါ။ Folder ကို Right Click နှိပ်ပါ။ Send to → Compress (Zipped) Folder ကိုနှိပ်ပါ။ ပြီးမှ ရလာသော Zip ဖိုင်ကို [email protected] သို့ ပို့ပေးပါ။ ဖိုင်တစ်ခုချင်းစီ၏ file size ကို 25MB အထိသာ Gmail ကလက်ခံပါသည်။ 25MB ထက်ပိုပါက Drive တွင်သိမ်း၍ Share သည့်နည်းဖြင့် ပေးပို့နိုင်ပါသည်။